Breaking News >> News >> Kachin News Group (KNG)


စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ဖားကန့်လမ်း ကျေးရွာ ၃ခု ထွက်ပြေးတိမ်းရှောင်နေရ


Link [2022-02-05 14:17:20]



ဖားကန့်မြို့နယ် မာနော့မှော် (Ma Naw Maw) အနီးတိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီတပ််မှ လေကြောင်းဖြင့် တိုက်ခိုက်သောကြောင့် ဖားကန့်လမ်း​ပေါ် တွင်ရှိသော ကျေးရွာ ၃ခုမှာ လက်ရှိထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ယနေ့ညနေ ၆နာရီဝန်းကျင်အထိ မာနော့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး KIA ဘက်က စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်ခန့်ကို မာနော့ကျေးရွာအနီး တောတွင်းတစ်နေရာတွင် ဝိုင်းရံပိတ်ဆို့ထားသောကြောင့် စစ်ကောင်စီဘက်က လေကြောင်းလိုင်းဖြင့် ဆက်တိုက်လာရောက်ပစ်ခတ်နေသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ ထို့ကြောင့် ဖားကန့်သွားလမ်းမပေါ် မာနော့ကျေးရွာနှင့်တစ်ဆက်တည်းရှိသော တံတားညီနောင်၊ ခွန်စိုင်ယန်နှင့် ဂေါ့လူယန် စသော ကျေးရွာ ၃ခုခန့်၏ ဒေသခံအိမ်ခြေ ၅၀ ဝန်းကျင်ခန့်က နီးစပ်ရာ ဆိုင်းဖာရာကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု ဆိုင်းဖာဒေသခံ တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “တိုက်ပွဲက အခုချိန်ထိ မရပ်သေးဘူး။...

The post စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ဖားကန့်လမ်း ကျေးရွာ ၃ခု ထွက်ပြေးတိမ်းရှောင်နေရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:53:09