Breaking News >> News >> Kachin News Group (KNG)


ဆွမ်ပီယန် ဒေသခံ ၁ ထောင်ဝန်းကျင် ညတောတွင်းတိမ်းရှောင်နေရ


Link [2022-02-04 02:52:59]



စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဒေသခံပြည်သူများ က ညအချိန် ထပ်မံလာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် တောတွင်းတိမ်းရှောင်နေရသေးကြောင်းသိရသည်။ ယနေ့ညနေ ၄နာရီဝန်းကျင်တွင် ရဟတ်ယာဉ် ၃စီးဖြင့် ကျေးရွာအတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားသဖြင့် ဒေသခံ ၅ဦးခန့်နှင့် လူနေအိမ် ၅အိမ်ထက်မနည်း မီးရိူ့ပျက်စီးသွားပြီး တောတွင်းတိမ်းရှောင်နေရသည်ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။ “ဒီညလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာကို မသိရသေးဘူး။ အားလုံးက အိမ်လည်းမပြန်ရဲကြတော့ဘူး။ ပြန်အိမ်ရင်လည်း ညချင်း စစ်တပ်က လေကြောင်းလိုင်းနဲ့ ပြန်လာတိုက်မှာစိုးရိမ်ရတယ်။ ရွာသားတွေအားလုံးက ၁ထောင်လောက်ရှိတယ်။ အဒီညအားလုံး တောခိုဖို့လုပ်နေကြတယ်”ဟုပြောဆိုသည်။ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများ ထိခိုက်ဒဏ်ရာရှိသူ ၅ဦးထက်မိနည်းရှိနိုင်ပြီး လက်ရှိတွင် အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ဦး၊ စုစုပေါင်း ၃ဦး၏ ထိခိုက်မှုစားရင်းသာ အတိကျရရှိနိုင်သေးကြောင်းသူကဆက်ဆိုသည်။ ဆွမ်ပီယန်ကျေးရွာ၏ စစ်ကောင်စီတပ်စခန်းကို...

The post ဆွမ်ပီယန် ဒေသခံ ၁ ထောင်ဝန်းကျင် ညတောတွင်းတိမ်းရှောင်နေရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 13:01:23