Breaking News >> News >> Kachin News Group (KNG)


မူဆယ်မြို့ ပြည်သူ့စစ် ၁ ဦး ပစ်သတ်ခံရ


Link [2022-02-01 15:33:24]



ရှမ်းပြည်နယ်၊ မူဆယ်မြို့ နာရီစင်အနီး အမှတ် ၁ စျေးကြီးနှင့် ညစျေးတန်းလမ်းတွင် ကားအတွင်းထိုင်နေသည့် ပြည်သူ့စစ် ၁ ဦးအား အမည်မသိ လက်နက်ကိုင်များမှ လာရောက်ပစ်ခတ်သည့်အတွက် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “သေသွားတဲ့သူက မန်ဂျေ ပြည်သူ့စစ် ဟုတ်တယ် သူ့သူဌေးက လုပ်ကြံ သတ်ခိုင်းတဲ့ ပုံပဲ။ သူ့သူဌေးက ဆိုင်ဘက်သွားလိုက်တုန်း သေသွားတဲ့သူက ကားထဲမှာ ထိုင်နေတာ လာပစ်သွားတာ။ လာပစ်သွားတဲ့ သူတွေက ဘယ်သူတွေလဲ ဆိုတာ ကောင်းကောင်း မသိလိုက်ရဘူး။” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ ပစ်ခတ်သေဆုံးမူသည် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူသည် မုံးပေါ်ဘက်မှ အသက် ၂၀ ကျော် အရွယ် ကချင်လူမျိုးဖြစ်ကြောင်း သိရသည်။ ထို့ပြင်...

The post မူဆယ်မြို့ ပြည်သူ့စစ် ၁ ဦး ပစ်သတ်ခံရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:35:12