Breaking News >> News >> Kachin News Group (KNG)


မြစ်ကြီးနား ရဲတပ်ရင်းစခန်းတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး


Link [2022-02-01 15:33:24]



မြစ်ကြီးနားမြို့  လယ်ကုန်းရပ်ကွက် ရဲတပ်ရင်းစခန်းတွင် ယနေ့ နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ ဘက်က ပြန်လည်ပစ်ခတ်ရာ ဘေးနားအိမ်ရှိ ၇နှစ်သားအရွယ် ကလေးတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသော ကလေးငယ်မှာ အဆိုပါ ရဲတပ်ရင်းစခန်းဘေးရှိ လယ်ကုန်း ကျွန်းပင်သာရပ်ကွက်အစပ်တွင်ရှိသော နေအိမ်ဖြစ်ကာ သေနတ်ကျည်ဆံသည် နေအိမ်တွင်ရှိနေသော ကလေးငယ်ကို ထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ကလေးက အခန်းထဲမှ လဲနေတယ်တာတဲ့။ သေနတ်ကျည်က နံရံကို ဖောက်ဝင်ပြီး ကလေးရဲ့ ရင်ဘတ်ထဲကို ထိမှန်လို့ ပွဲချင်းပြီး ဆုံးသွားတယ်လို့သိရတယ်”ဟု ပြောဆိုသည်။ သေနတ်ထိမှန်သေဆုံးသွားသည့် ကလေးကို အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့များက ဆေးရုံဘက်ကို ကားဖြင့် သယ်ဆောင်သွားသည်ဟုလည်း သူက ဆက်ဆိုထားသည်။ စစ်တပ်က အာဏာသိမ်းပြီး ၁နှစ်ပြည့်သည့်နေ့တွင် မြစ်ကြီးနားတွင်...

The post မြစ်ကြီးနား ရဲတပ်ရင်းစခန်းတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:59:21