Breaking News >> News >> Kachin News Group (KNG)


ကသာမြို့တွင် စစ်ရေးအရှိန် မြင့်လာပြီး မြို့တွင်း‌ဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်လာ


Link [2022-02-01 15:33:24]



စစ်ကိုင်းတိုင်း ကသာမြို့တွင် ယခုလအတွင်း စစ်ရေးအရှိန် ပိုမိုမြင့်လာသည့်အပြင် မြို့တွင်းပေါက်ကွဲမှုလည်း ဆက်တိုက်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီမနက် ၆ ခွဲလောက်မှာ စည်ပင်ရုံးနားထပ်ပေါက်တယ်။ ဒီရက်ပိုင်း ၃ရက်ဆက်တိုက်ရှိပြီ။ ခုချိန်ထိတော့ လူထိခိုက်တာမရှိဘူး ရုံးက ကွန်ပျူတာတွေ ထိတယ်လို့တော့ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲမူ ဖြစ်စဉ်များမှာ ဇန်နဝါရီလ ၃၀ ရက်နေ့ စည်ပင်ရုံးအင်ဂျင်နီယာအခန်းတွင်တစ်ကြိမ်၊ ဇန်နဝါရီလ ၃၁ရက်နေ့ ကသာစာတိုက် ကွန်ပျူတာအခန်းတွင် တစ်ကြိမ်နှင့် ဖေဖော်ဝါရီလ ၁ရက်နေ့ စည်ပင်သာယာရုံးရှေ့တစ်ကြိမ် စုစုပေါင်း ၃ကြိမ်ထိ ရှိလာပြီဖြစ်သည်။ ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ကသာနယ်အတွင်း ဆက်သွယ်ရေးလမ်းကြောများထိန်းချုပ်ရန် မြေအောက်လိုင်းကြိုးများ မြုပ်နှံရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ အလားတူ စစ်ကောင်စီတပ်၏ လက်အောက်ခံ ကသာမြို့ဌာနဆိုင်ရာများဖြစ်သည့် စည်ပင်ရုံး၊ အခွန်ကောက်ဦးစီးဌာန၊...

The post ကသာမြို့တွင် စစ်ရေးအရှိန် မြင့်လာပြီး မြို့တွင်း‌ဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်လာ appeared first on Kachin News Group (KNG).



Most Read

2024-09-21 12:49:50