Breaking News >> News >> Kachin News Group (KNG)


ရွှေကူမြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ


Link [2022-01-28 18:37:30]



ယနေ့နံနက် ၉နာရီဝန်းကျင်တွင် ရွှေကူမြို့၏ တစ်ဖက်ကမ်းရှိ မြို့ကုန်းကျေးရွာမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ” အိမ်မှာကို လာပစ်သွားတာတဲ့ ပွဲခြင်းပြီးတော့ မဟုတ်ဘူး ရွှေကူဆေးရုံရောက်ပြီးနောက် သေသွားပြီလို့ သိရတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။ သေဆုံးမူနှင့် ပတ်သက်ပြီး မည်သူ၊မည်ဝါမှ လာရောက်ပစ်သတ်သွားကြောင်း သေချာမသိရသေးဘူးဟု ၎င်းကဆက်ပြောသည်။ ထို့ပြင် ဒေသခံများ၏ ပြောပြချက်အရ ဇန်နဝါရီလ ၂၇ ရက် ည ယင်းအုပ်ချုပ်မှူး၏ နေအိမ်တွင် စစ်ကောင်စီတပ်၏ စစ်‌ကြောင်းများ ဝင်ရောက်တည်းခိုသွားကြောင်း သိရသည်။ “ကျနော်ကြားရသလောက်တော့ မနေ့ညက စစ်ကြောင်းတွေလည်း လာတည်းသွားတယ်လို့ သိရတယ် အသေးစိတ်တော့ မသိရသေးဘူး အဲဘက်ရွာက ဖုန်းလိုင်း၊ အင်တာနက်လိုင်း သိပ်အဆင်ပြေဘူး” လို့ ရွှေကူဒေသခံတစ်ဦးကပြောသည်။ ရွှေကူမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၁...

The post ရွှေကူမြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:57:59