Breaking News >> News >> Kachin News Group (KNG)


‘အသံတိတ်သပိတ်’ တွင်ပါဝင်ခြင်းမပြုရန် စစ်ကောင်စီက သတိပေးစာများ ထပ်ဖြန့်


Link [2022-01-28 18:37:30]



ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် NUG တို့၏ လှုံ့ဆော်မှုများအတိုင်း လိုက်နာသူများကို အရေးယူမည်ဟု စစ်ကောင်စီက ကချင်ပြည်နယ်အနှံ သတိပေးစာများ ဖြန့်ဝေကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ ဇန်နဝါရီလ ၂၇ရက်နေ့ ရက်စွဲဖြင့်ပုံနှိပ်ထားသော အဆိုသတိပေးစာများကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူနှင့် မိုးကောင်း စသောနေရာတို့တွင် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် စည်ပင်အဖွဲ့က ဦးဆောင်ပြီး မြို့ပေါ် ရှိ စျေးရပ်ကွက်တို့တွင် လိုက်လံသတိပေးနေကြောင်း ပြည်သူများထံမှသိရသည်။ ဝိုင်းမော်မြို့တွင် ယနေ့ညနေပိုင်း ၃နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီလက်အောက် စည်ပင်အဖွဲ့က ဦးဆောင်ပြီး သတိပေး ကြေညာစာကို မီးပွိုင့်တစ်နေရာနှင့် စျေးလမ်းမပေါ်များတွင် သတိပေးဝေစာများဖြန့်ဝေသွားကြောင်း ဝိုင်းမော်ဒေသခံတစ်ဦး ပြောဆိုချက်မှ သိရသည်။ “သူတို့လာကပ်သွားတာက ၃နာရီလောက်ဟုတ်တယ်။ ဆိုင်းဘုတ်အကြီးနဲ့လာကပ်သွားတာ မီးပွိုင့်လမ်းဆုံ တစ်နေရာမှာဘဲ။ ကျန်တဲ့နေရာမှာက မတွေ့သေးဘူး။...

The post ‘အသံတိတ်သပိတ်’ တွင်ပါဝင်ခြင်းမပြုရန် စစ်ကောင်စီက သတိပေးစာများ ထပ်ဖြန့် appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:34:53