Breaking News >> News >> Kachin News Group (KNG)


အသံတိတ်သပိတ်ပါဝင်မည့်သူများကို အရေးယူရန် မြစ်ကြီးနားမြို့နယ် ထွေအုပ်နှင့် ရဲများ ပြင်ဆင်နေ


Link [2022-01-28 03:13:47]



ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ် (Silent Strike) တွင် ပါဝင်သူများကို အရေးယူရန် မြို့နယ်ထွေအုပ်နှင့် ရဲတပ်ဖွဲ့က ကြိုးစားနေသည်ဟု သိရသည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူသည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တနိုင်ငံလုံး အသံတိတ်သပိတ်ပါဝင်ဆင်နွဲကြရန်အတွက် ပြည်သူများ ပြင်ဆင်နေချိန်တွင် စစ်ကောင်စီအောက် အုပ်ချုပ်ရေးဌာနကလည်း ၎င်းကို တန်ပြန်သည့်အနေဖြင့် အဆိုပါလှုပ်ရှားမှုတွင်ပါဝင်ပါက အရေးယူမည်ဟု လက်ကမ်းစာစောင်များ ထုတ်ဝေရန် ပြင်ဆင်နေသည်ဟု သိရသည်။ အသံတိတ် သပိတ်ဆင်နွဲရမည့်နေ့တွင် စျေးဆိုင်များအားလုံး ဖွင့်ထားရန်စစ်ကောင်စီ မှ ညွန်ကြားထားသောကြောင့် အခက်အခဲကြုံနေရကြောင်း မြစ်ကြီးနားမြို့ မှ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ယခုကဲ့သို့ ဆိုသည်။ “အရင်တော့ ဆိုင်ပိတ်ရမယ်ဆိုရင်သူများလည်းပိတ်တယ်။ ဆိုတော့ကိုယ်လည်းပိတ်ခဲ့ရတာပေါ့ ဘာမှလည်း ပြသာနာမရှိခဲ့ဘူးလေ။ အခုက တစ်ဖက်က...

The post အသံတိတ်သပိတ်ပါဝင်မည့်သူများကို အရေးယူရန် မြစ်ကြီးနားမြို့နယ် ထွေအုပ်နှင့် ရဲများ ပြင်ဆင်နေ appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:48:24