Breaking News >> News >> Kachin News Group (KNG)


အချိန်မှီတင်ပို့နိုင်ခြင်းမရှိသောကြောင့် တရုတ်နယ်စပ် မြန်မာကြံခင်းလုပ်ငန်းရှင်များ အခက်တွေ့နေ


Link [2022-01-27 10:55:29]



တရုတ်နယ်စပ်တစ်လျှောက် မိုင်ဂျာယန်နှင့် နမ်လင်းပါ ကျေးရွာများတွင် စိုက်ပျိုးထားသော ကြံစိုက်ခင်းများ တရုတ်နိုင်ငံဘက်သို့ အချိန်မီ တင်ပို့နိုင်ခြင်း မပြုလုပ်နိုင်သောကြောင့် ကြံစိုက်ခင်းပိုင်ရှင်များ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် လွယ်ဂျယ်ကုန်သွယ်ရေးဂိတ်ကို ဇန်နဝါရီလ ၁၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တရုတ်အစိုးရဘက်မှ ကုန်တင်ကားနှင့် ကားသမားများကို ကူးသန်းခွင့်မပြုပဲ လွယ်ဂျယ်ဂိတ်တွင် ကုန်ပစ္စည်းများကို ကရိန်းကားများဖြင့် တရုတ်နိုင်ငံသို့ ဆွဲတင်ယူပြီးနောက် ဆေးဖြန်းပြီး (၇)ရက် ထားပြီးမှသာ စက်ရုံသို့ တင်ပို့နေကြောင်း မိုင်ဂျာယန်ဒေသံ ကြံစိုက်ခင်းပိုင်ရှင် တစ်ဦးထံမှ သိရပါသည်။ “အရင်နှစ်တွေမှာက တရုတ်ဘက်က ကားသမားတွေလာပြီး လူချိန်းပြီး ကြံတွေကို လာယူတင်သွားကြတယ်။ အဝင်အထွက်တော့ ဘယ်သူမှ အခွင့်အရေး မရဘူး။ ကရိန်းကားအကြီးတွေနဲ့ ဆွဲယူနေကြတယ်။ တရုတ်ဘက် ကနေပြီး ကြံတွေကို ဆေးဖြန်းပြီး ၇...

The post အချိန်မှီတင်ပို့နိုင်ခြင်းမရှိသောကြောင့် တရုတ်နယ်စပ် မြန်မာကြံခင်းလုပ်ငန်းရှင်များ အခက်တွေ့နေ appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:39:40