Breaking News >> News >> Kachin News Group (KNG)


အင်းတော်မြို့နယ်တွင် စစ်ကောင်စီကား ၂ စီး မိုင်းဆွဲခံရပြီး သုံးပွင့်ဗိုလ်အပါ စုစုပေါင်း ၁၁ ဦးသေဆုံး


Link [2022-01-22 18:51:13]



စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စီပိန်းရွာ မှ နန့်စီးအောင်ဘက်သို့ တက်လာသော စစ်ကောင်စီကား ၂ စီးအား ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော် PDF (I.PDF)တို့မှ ဇန်နဝါရီလ ၂၁ ရက်နေ့ ၆နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးပွင့်ဗိုလ်တစ်ဦး အပါအဝင်စုစုပေါင်း ၁၁သုံးသေဆုံးခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။ “စစ်ကောင်စီဘက်က အင်အားလေးဆယ်လောက်ပါလာတယ်။ မော်လူးနှင့် ပေကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ ဆယ့်တစ်ယောက်ကျတယ်။ ဒဏ်ရာရတာ ၂၀ကျော်လောက်ရှိတယ်။ သူတို့ဘက်က အင်အားများတော့ ကျနော် တို့ဘက်ကပစ်ပြီးဆုတ်ခွာခဲ့တယ်။ အခုထိတော့ နောက်ဆက်တွဲ နောက်ထပ်စစ်ကြောင်းထိုးလာတာ မရှိသေးဘူးဗျ။” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ အလားတူ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က တက်လာသည့် စစ်ကားနှစ်စီးအနက် တစ်...

The post အင်းတော်မြို့နယ်တွင် စစ်ကောင်စီကား ၂ စီး မိုင်းဆွဲခံရပြီး သုံးပွင့်ဗိုလ်အပါ စုစုပေါင်း ၁၁ ဦးသေဆုံး appeared first on Kachin News Group (KNG).



Most Read

2024-09-21 15:00:17