Breaking News >> News >> Kachin News Group (KNG)


တနိုင်းတွင် ထောင်ဒဏ် ၂ နှစ်ချခံရသော လူငယ်များကို ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားသို့ပို့


Link [2022-01-22 18:51:13]



တနိုင်းမြို့တွင် မတရားအသင်းဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံရသော အသက် ၂၀ ဝန်းကျင်အရွယ်လူငယ်များကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားထောင်သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ကချင်လူငယ် ၂၁ဦးကို တနိုင်းမှ မြစ်ကြီးနားအကျဉ်းထောင်သို့ ကားလမ်းဖြင့်ပို့ဆောင်ရန် လုံခြုံမှုမရှိသောကြောင့် ဇန်နဝါရီလ ၂၂ ရက်နေ့က ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက KNG ကို ယခုလိုပြောသည်။ “မနေ့က ရဟတ်ယာဉ်နဲ့ ၁၂ယောက်ကို မြစ်ကြီးနားအကျဉ်းထောင်ကိုပို့လိုက်တယ်လို့ သိရတယ်။ လေယာဉ်မဆံ့လို့ ၁၂ကိုဘဲ ခေါ်သွားတယ်လို့ ကြားတယ်။ အခုက တနိုင်းမှာ ၉ယောက်ကျန်သေးတယ်။” ဟု ပြောဆိုသည်။ အဆိုပါ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ခံရသူ ၁၂ဦးတွင် မိန်းကလေး ၇ ဦးနှင့် ယောင်္ကျားလေး ၅ဦးတို့သာ ဖြစ်ကြပြီး ကျန်ရှိသည့် လူငယ်...

The post တနိုင်းတွင် ထောင်ဒဏ် ၂ နှစ်ချခံရသော လူငယ်များကို ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားသို့ပို့ appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:55:09