Breaking News >> News >> Kachin News Group (KNG)


ကသာမြို့ ဖမ်းဆီးခံထားရသည့် ဦးစိုးတင့်၏ ရွှေဆိုင် ချိတ်ပိတ်ခံရ


Link [2022-01-22 18:51:13]



စစ်ကိုင်းတိုင်း၊ ကသာမြို့တွင်း စစ်ကောင်စီတပ်မှ အောက်တိုဘာလ (၈)ရက်ည ဖမ်းဆီးသွားသည့် ဈေးသည် (၉)ဦး အနက် အီးတိန်ရွှေဆိုင်ပိုင်ရှင် ဦးစိုးတင့်အား PDF နှင့် ချိတ်ဆက်သည်ဟုဆိုကာ ဇန်နဝါရီလ ၁၈ ရက်နေ့ စစ်ကောင်စီတပ်မှ ရွှေဆိုင်အား ချိတ်လာပိတ်သွားကြောင်း ဒေသခံများမှ သိရသည်။ ” ခုကလုံးဝကို ရောင်းလို့မရတော့ဘူး သူတို့ဆိုင်ရှေ့မှာ ဆိုင်းဘုတ်ကပ်ထားတာ PDF အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်နေလို့ဆိုတဲ့ ဆိုင်းဘုတ်အနီကြီး လာကပ်သွားတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည် ကသာမြို့အတွင်းရှိ ဈေးသည် (၉ )ဦးအား အောက်တိုဘာလ(၈)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် အရေးကြီးမေးစရာရှိသည်ဟုဆိုကာ တစ်ပြိုင်တည်း ဖမ်းဆီးသွားခြင်းဖြစ်ကာ လက်ရှိချိန်ထိ တစ်ဦးမှ လွှတ်မြောက်လာခြင်းမရှိသေးဘဲ အမှတ် (၁)ရဲစခန်းတွင် စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေဆဲဖြစ်ကြောင်း နီးစပ်ရာ ဒေသခံတစ်ဦးကပြောသည်။ ယင်းကဲ့သို့...

The post ကသာမြို့ ဖမ်းဆီးခံထားရသည့် ဦးစိုးတင့်၏ ရွှေဆိုင် ချိတ်ပိတ်ခံရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:55:25