Breaking News >> News >> Kachin News Group (KNG)


အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ဆရာမ ၂ ဦးအတွက် တရားမျှတမှုရရှိရေး မိသားစုဝင်များလိုလားနေဆဲ


Link [2022-01-22 18:51:13]



ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းခါးကျေးရွာတွင် လူအုပ်စုလိုက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော ကချင်စေတနာ့ ဝန်ထမ်း ဆရာမ  ၂ ဦး၏အမှုသည် ယနေ့ တွင် ၇ နှစ် ပြည့်ပြီဖြစ်သော်လည်း တရားမျှတမှု ရရှိရေးအတွက် ဆက်လက် တောင်းဆိုနေမည် ဖြစ်ကြောင်း မိသားစုဝင်များ ပြောသည်။ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ ကောင်းခါးကျေးရွာတွင် သတ်ဖြတ်ခံရသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ပညာရေးစေတနာ့ဝန်ထမ်း ဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင် တို့နှစ်ဦးရဲ့ အမှုနှင့်ပတ်သက်ပြီး ဆရာမ တန်ဘောင်ခေါန်နန်စင်၏ မိခင် ဒေါ် ဝါ့ခေါင် လုဘူက KNG ကို ယခုလို ပြောသည်။ “(၇)နှစ်တောင်ရှိပြီ။ ဒီနေ့အချိန်ထိ တရားမျှတမှုမရရှိသေးတဲ့အပေါ် မိခင်တစ်ယောက်အနေနဲ့ အရမ်းရင်ကွဲရတယ်။ ဒီအချိန်ရောက်လာတိုင်း၊...

The post အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ဆရာမ ၂ ဦးအတွက် တရားမျှတမှုရရှိရေး မိသားစုဝင်များလိုလားနေဆဲ appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:29:36