Breaking News >> News >> Kachin News Group (KNG)


တာလောကြီးဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင်ရွှေတူးဖော်မှုပိုမိုများပြားလာ


Link [2022-01-22 18:51:13]



မြစ်ကြီးနားမြို့နယ်၊ တာလောကြီးဒေသဘက်တွင် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း၌ ပိတ်ပင်ဖမ်းဆီးမှုမရှိတော့သည့်အတွက် တရားမဝင်ရွှေတူးဖော်မှု ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ တာလောကြီးဒေသဘက်တွင် ယခင်အစိုးရလက်ထက် တရားမဝင် ရွှေတူးဖော်မှုများရှိခဲ့သော်လည်း သက်ဆိုင်ရာမှဖမ်းဆီးမှုများ မကြာခဏရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ မတ်လ နောက်ပိုင်းမှစတင်ကာ တရားမဝင်ရွှေတူးဖော်မှု သိသိ သာသာများပြားလာကြောင့် လုံခြုံရေးအရ အမည်မဖော်လိုသည့် တာလောကြီးကျေးရွာနေ အမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “အခုကမြစ်ရိုးမှာ တော်တော်များတယ် ရွှေဖောင်ကြီးတွေနဲ့လုပ်ကြတာ အခုနောက်ပိုင်းမှာ ပိုပြီးလုပ်လာ ကြတာ ဒီအာဏာသိမ်းပြီးနောက်ပိုင်းပေါ့ဗျာ။ အခုနောက်ပိုင်းကဖမ်းဆီးတာတို့လည်းမရှိဘူးလေး ဟိုအရင်ကတော့ ပိတ်ပင်တားဆီးတာတို့ရှိတယ်လေး အခုနောက်ပိုင်းကအ့လိုဖမ်းဆီးတာတို့မရှိတော့ ပိုပြီး လုပ်လာကြတာ။တော်တော်လေးများတယ် ရွှေဖောင် အစီးရေ ခြောက်ရာ ခုနှစ်ရာလောက်ရှိတယ်။ ပိုက်ဆံရှိတဲ့လူက စက်ကြီးတွေထောင်ပြီးလုပ်ကြတာ အဖမ်းအဆီးမှ မရှိတာကို” ဟု အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးကပြောသည်။ အဆိုပါ တရားမဝင်ရွှေတူးဖော်မှုသည် တာလောကြီးကျေးရွာ၊...

The post တာလောကြီးဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင်ရွှေတူးဖော်မှုပိုမိုများပြားလာ appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:48:30