Breaking News >> News >> Kachin News Group (KNG)


ကသာနယ် အင်းရွာမှ ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရ


Link [2022-01-22 18:51:13]



စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အင်းရွာဒေသခံများ ယမန်နေ့ ညမှစကာ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် အင်းရွာ ဒေသခံပြည်သူများအား PDF တပ်ဖွဲ့ဝင်များအား ထမင်းချက်ကျွေးသည်ဟုဆိုကာ ရွာအတွင်း စစ်ဆေးမေးမြန်း သောင်းကျန်းခဲ့သည့်အတွက် ယမန်နေ့ညမှစကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦး ယခုလို ပြောသည်။ “ဟိုနေ့က ရွာသားတွေက PDF တွေကို ထမင်းချက်ကျွေးလို့တဲ့ စစ်ကောင်စီက ရွာထဲသေနတ်ဖောက်သောင်းကျန်းတာ ဥက္ကဌအိမ်လည်း မီးရှို့ခံလိုက်ရပြီ ခုရွာသားတွေလည်း ရွာလုံးကျွတ်ထွက်ပြေးနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိ စစ်ကောင်စီတပ်သည် အင်းရွာ ကျေးရွာ တပ်စွဲနေထိုင်ရာမှ ယနေ့နံနက် ထွက်ခွာသွားသော်လည်း ဒေသခံများအနေဖြင့် သွားရောက်နေထိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။ စစ်ကိုင်းတိုင်း ကသာမြို့နယ်တစ်လျှာက် ယခုရက်ပိုင်းတိုက်ပွဲပြင်းထန်လာသည့်အပြင် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ပစ်ခတ်မူ လုပ်ဆောင်လာသည်မှာ ၄ကြိမ်ခန့်ရှိလာပြီး ဇန်နဝါရီလ...

The post ကသာနယ် အင်းရွာမှ ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရ appeared first on Kachin News Group (KNG).



Most Read

2024-09-21 14:58:47