Breaking News >> News >> Democratic Voice of Burma


ထီးလင်းမြို့နယ် ကျေးရွာပေါင်း ၇၀ ကျော်ကို ထိန်းချုပ်ထားနိုင်ပြီဟု YDF ပြော


Link [2022-04-16 02:32:59]



မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၇၄ ရွာရှိပြီး ကျေးရွာပေါင်း ၇၁ ရွာကို ထိန်းချုပ်ထားနိုင်ပြီလို့ ယောဒေသကာကွယ်ရေး YDF ထီးလင်းရဲ့တာဝန်ခံ သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ ထီးလင်းနယ်ကတော့ ကျေးရွာတော်တော်များများ ထိန်းချုပ်ထားနိုင်ပြီဗျ။ ရဲစခန်းရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ ဆေးမင်းတောရွာ၊ ရေမြစ်ဏီရွာ၊ ကျဉ်းရွာနဲ့ ထီးလင်းမြို့ပေါ်ကိုတော့ မထိန်းချုပ်နိုင်သေးဘူး။” ဆက်လက်ပြီး မြို့ပေါ်နဲ့ ရဲစခန်းရှိတဲ့ကျေးရွာတွေကိုလည်း သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ထီးလင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့တပ်ဖွဲ့ရဲ့ သတိပေးထုတ်ပြန်ချက်များအား လိုက်နာကြဖို့ကိုလည်း YDF ထီးလင်းက ပြောပါတယ်။ ယောဒေကာကွယ်ရေး (YDF) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေကို အစွမ်းကုန်ခုခံတော်လှန်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်လှူဒါန်းပေးကြဖို့ကိုလည်း YDF တာဝန်ခံခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။ သင်္ကြန်အကြိုနေ့ […]

Most Read

2024-09-20 23:43:06