Breaking News >> News >> Democratic Voice of Burma


အခက်ခဲများကြားမှ YDF-ထီးလင်း အခြေခံစစ်ပညာသင်တန်းဆင်း


Link [2022-01-22 18:51:06]



မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အခက်ခဲတွေကြားထဲကနေ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ်(၃)ဆင်းပွဲကို ကျင်းပနိုင်ခဲ့တယ်လို့ YDF ထီးလင်းက ဇန်နဝါရီ  ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ YDF-ထီးလင်းရဲ့ အခြေခံစစ်ပညာသင်တန်းကို ဇန်နဝါရီ ၁၉ ရက်မှာ အမျိုးသား ၁၇၀ အမျိုးသမီး ၃၀ နဲ့ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို စစ်ကြောင်းပုံနဲ့ ပြုလုပ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ယောဒေသကို စစ်ကောင်စီတပ်တွေက အဆက်မပြတ် စစ်ကြောင်းထိုးနေတဲ့ကြားကနေ ခက်ခက်ခဲခဲ သင်တန်းပို့ချရတာလို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ဆီမှာ လူငယ်တွေက စစ်ပညာသင်ရတာကို အရင်တုန်းကထက်ပိုပြီး စိတ်ဝင်စားမှုရှိလာတယ်။ လစာယူဖို့ သင်တန်းလာတက်တာမဟုတ်ဘဲ စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လာတက်ကြတာဖြစ်လို့ နှစ်လလောက်သင်ရမယ့် […]

Most Read

2024-09-23 08:27:40