Breaking News >> News >> Democratic Voice of Burma


လှူဒါန်းသည့် စားနပ်ရိက္ခာများကို စီးပွားဖြစ်ပြန်ရောင်းချမှု WFP လုံးဝလက်မခံ၊ လူထုအကြံပြုချက် ဖိတ်ခေါ်


Link [2022-06-02 21:18:00]



လူသားချင်းစာနာမှုအနေနဲ့ အကူအညီပေးအပ်တဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေကို အခွင့်မရှိဘဲ စီးပွားဖြစ်ရောင်းချတာကို  လုံးဝလက်သင့်ခံမှာ မဟုတ်ဘူးလို့  ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က ကြေညာပါတယ်။ WFP က ပံ့ပိုးပေးထားတဲ့ စားနပ်ရိက္ခာအားလုံးဟာ အကျိုးခံစားခွင့်ရှိသူတွေ ကိုယ်တိုင်စားသုံးဖို့ဖြစ်တယ်၊ အကျိုးခံစားခွင့်ရှိသူတွေဟာ ရရှိတဲ့ရိက္ခာတွေကို အဆင်ပြေသလို အသုံးပြုတာဟာ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ဖြစ်လို့ အပြည့်အဝ အသိအမှတ်ပြုပေမဲ့ အခွင့်မရှိဘဲ စီးပွားဖြစ်ရောင်းချတာကိုတော့ လုံးဝလက်သင့်ခံမှာ မဟုတ်ဘူးလို့ ဇွန် ၁ ရက်က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ WFP အမှတ်တံဆိပ်ပါ ဆန်အိတ်တွေကို ကုန်စုံဆိုင်တချို့မှာ ပြန်လည်ရောင်းချနေတာကို ကရင်နီဒေသမှာ  ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက တွေ့ရှိခဲ့လို့ ဝယ်ယူပြီး လိုအပ်သူတွေထံ ပြန်လည်ဖြန့်ဝေပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စသတင်းတွေတက်လာပြီးနောက် WFP က အခုလို  သတင်းထုတ်ပြန်လိုက်တာဖြစ်ပြီး […]

Most Read

2024-09-19 19:00:24