Breaking News >> News >> Democratic Voice of Burma


VPN အသုံးပြုသူကို ထောင်ချမည့် ဥပဒေ ငွေညှစ်ရန်ရည်ရွယ်ခြင်းဖြစ်ဟု ဝေဖန်


Link [2022-01-24 19:48:26]



စစ်ကောင်စီက VPN အသုံးပြုသူတွေကို ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့ ဆိုက်ဘာဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးစားနေတာဟာ ငွေညှစ်ဖို့လုပ်ပေးထားတဲ့ ဥပဒေထက်မပိုဘူးလို့ နည်းပညာကျွမ်းကျင်သူတွေက ဝေဖန်နေကြပါတယ်။ စစ်ကောင်စီရဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေမှာ VPN အသုံးပြုသူတွေကို တစ်နှစ်ကနေ သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ထောင်ဒဏ်နဲ့ ကျပ်သိန်းငါးဆယ်ထက်မပိုတဲ့ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တဲ့ ဥပဒေကြမ်းကို အတည်ပြုဖို့ကြိုးစားနေတာပါ။ အဲ့ဒီဥပဒေကို အတည်ပြုပြဋ္ဌာန်းခြင်းမရှိသေးပေမယ့် လက်ရှိထွက်ပေါ်လာတဲ့ ဥပဒေကြမ်းမှာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ထားတာကိုတွေ့ရပြီး အောက်ခြေကလူတွေ လာဘ်စားခွင့်ရဖို့ ဖန်တီးပေးထားထက်မပိုဘူးလို့ နည်းပညာကျွမ်းကျင်သူတစ်ဦးက သုံးသပ်ထားပါတယ်။ ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းထွက်ပေါ်လာပြီးတဲ့နောက်မှာ ဖုန်းတွေကိုစစ်ဆေးကာ VPN တွေ့ပါက ငွေတောင်းတာတွေလုပ်နေပြီလို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီး အခြေအမြစ်မရှိတဲ့သတင်းတွေနဲ့ လူထုကို အကြောက်တရား ဝင်စေဖို့  ပြောဆိုနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာတွေထဲက […]

Most Read

2024-09-23 08:25:13