Breaking News >> News >> Democratic Voice of Burma


‘ဝ’ပြည်နယ်တည်ထောင်ခွင့်ပေးရန် UWSP တောင်းဆို၊ နိုင်ငံတော်မှ လုံးဝခွဲထွက်မည်မဟုတ်ဟု ကတိပေး


Link [2022-05-31 19:17:44]



‘ဝ’ဒေသအနေနဲ့ နိုင်ငံတော်ကနေ လုံးဝခွဲထွက်မှာမဟုတ်တဲ့ အကြောင်းနဲ့ ‘ဝ’ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တည်ထောင်ခွင့်ပေးဖို့   “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ကတောင်းဆိုလိုက်ပါတယ်။  “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP  ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့အဖွဲ့ဟာ မေ ၃၀ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  နေပြည်တော်မှာတွေ့ဆုံစဉ် တောင်းဆိုခဲ့တာလို့ UWSP ကသတင်းထုတ်ပြန်ပါတယ်။ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရောက်ရှိနေတဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့အဖွဲ့က သူတို့အနေနဲ့ နိုင်ငံတော်ကနေ ခွဲထွက်မှာ မဟုတ်သလို နိုင်ငံတော်ကာကွယ်ရေးနဲ့ သံတမန်ရေးရာကလွဲလို့ ကျန်အရေးကိစ္စတွေကို ‘ဝ’ တိုင်းရင်းသားတွေကိုယ်တိုင် စီမံအုပ်ချုပ်မယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့တဲ့အကြောင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အစိုးရနဲ့ချုပ်ဆိုထားတဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် […]

Most Read

2024-09-20 00:26:05