Breaking News >> News >> Democratic Voice of Burma


နိုင်ငံရေးရည်မှန်းချက်များမရရှိပါက အမျိုးသားနိုင်ငံတော်တည်ဆောက်မည်ဟု ULA/AA ပြော


Link [2022-03-06 02:38:35]



ရခိုင်ပြည်သူတွေ လိုချင်တဲ့  နိုင်ငံရေး ရည်မှန်းချက်တွေကို မြန်မာနိုင်ငံအတွင်းမှာ  နေရာမရှိဘူးလို့ပြောလာရင် နိုင်ငံတကာ အသိုက်အဝန်းမှတဆင့် အမျိုးသားနိုင်ငံတော်တည်ဆောက်သွားမယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်  ULA /AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောကြားလိုက်ပါတယ်။ မတ်လ ၅ ရက် ဒီကနေ့အွန်လိုင်းကနေ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  ULA/AA ရဲ့ နိုင်ငံရေးရည်းမှန်းချက်ကို ဒီဗွီဘီသတင်းထောက်က မေးမြန်းတာကို ပြောရေးဆိုခွင်ရှိသူက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ULA/AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ကျနော်တို့ ULA/AA အနေနဲ့ ကျနော်တို့ ပြည်သူတွေဖြစ်ချင်တဲ့ နိုင်ငံရေးဆန္ဒကို လက်ရှိရှိနေတဲ့ မြန်မာနိုင်ငံဆိုတဲ့ အဝိုင်းအဝန်းမှာ နေရာမရှိဘူးဆိုရင်တော့ ကျနော်တို့က နိုင်ငံတကာရဲ့ အသိမှတ်ပြုမှုတွေကိုရအောင် ကျနော်တို့ ကိုယ်ဟာကိုဆက်လုပ်သွားရမယ့် အနေအထားဖြစ်ပါတယ်။ တိုတိုနဲ့ လိုရင်းပြောရမယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးရည်းမှန်းချက်ကို ဖန်းတီးလို့ရမယ်ဆိုရင်တော့ အခုရှိနေတဲ့  မြန်မာနိုင်ငံအထဲက တခြားတိုင်းရင်းသားတွေနဲ့အတူ ကျနော်တို့ […]

Most Read

2024-09-22 09:36:50