Breaking News >> News >> Democratic Voice of Burma


Thai Fight မွေထိုင်းလက်ဝှေ့ပွဲတွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာက အမေရိကန်လက်ဝှေ့မယ်ကို အနိုင်ရ


Link [2022-05-29 20:21:43]



ထိုင်းနိုင်ငံမှာ မေ ၂၉ ရက် ဒီနေ့ည  ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ Thai Fight မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲမှာ ကယန်းကျားသစ်မယ်လို့ လူသိများတဲ့ မြန်မာနိုင်ငံက ကရင်နီ အမျိုးသမီးလက်ဝှေ့သမား ဘရော်နီကာ  (Vero V.Rujirawong)  က ပြိုင်ဘက် အမေရိကန် အမျိုးသမီးလက်ဝှေ့သမား  Angela Chang  ကို အနိုင်ရသွားပါတယ်။ ဒီပွဲမှာ သုံးချီအပြည့် ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီးနောက်  ဘရော်နီကာက အမှတ်နဲ့ နိုင်ရသွားတာဖြစ်ပါတယ်။  ဘရော်နီကာဟာ  Thai Fightရဲ့ ၄ ပွဲမြောက် ဆက်တိုက်အနိုင်ရတာဖြစ်ပြီး  လာရောက်အားပေးကြသူတွေကိုရော အွန်လိုင်းကနေ ကြည့်ရှုအားပေးကြတဲ့   ပရိတ်သတ်တွေ အားလုံးကို ရင်ထဲကအထူးကျေးဇူးတင်တဲ့ အကြောင်း ပွဲအပြီးမှာ ဘရော်နီကာက သူ့ရဲ့လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။ 

Most Read

2024-09-19 13:54:33