Breaking News >> News >> Democratic Voice of Burma


ဓမ္မဘက်က ရပ်တည်မည်ဟု နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအပြီး SNLD ကြေညာ


Link [2022-05-27 18:23:57]



အာဏာရှင်စနစ်တိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်ဖို့နဲ့ အပြောင်းအလဲမြန်ဆန်နေတဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခင်းအကျင်းတွေမှာ တရားဓမ္မဘက်ကနေ ရပ်တည်ဆောင်ရွက်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက ကြေညာပါတယ်။  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ၂ ရက်တာကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံအပြီး ဒီကနေ့ မေလ ၂၇ ရက်မှာ ခုလိုထုတ်ပြန်ကြေညာလိုက်တာပါ။  ပြည်တွင်းငြိမ်းချမ်းရေးကို အားလုံးပါဝင်ရေးမူနဲ့ ဆောင်ရွက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုဦးတည်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရေးဆွဲသွားဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ရဲ့  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းမူဝါဒကြေငြာစာတမ်းကို အကောင်အထည်ဖော်ရေး၊ ရှမ်းပြည်နဲ့ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေရပ်တံ့ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ ပါတီအနေနဲ့ တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ကောင်းမွန်သောပညာရေးစနစ် တိုးတက်မြင့်မားရေး တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါတွေ ကင်းစင်တဲ့အထိ တတ်အားသရွေ့ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။  အင်အားကြီးနိုင်ငံရေးပါတီတခုဖြစ်တဲ့ […]

Most Read

2024-09-20 01:10:02