Breaking News >> News >> Democratic Voice of Burma


နိုင်ငံကိုလက်နက်ဖြင့်တည်ဆောက်နေသဖြင့် ထိခိုက်မှုကြီးမားနေဟု SNLD ခေါင်းဆောင်ပြော


Link [2022-05-26 14:09:51]



ပညာကို အခြေခံပြီးတည်ဆောက်ရမယ့်ခေတ်ကို ရောက်နေပေမယ့် မြန်မာနိုင်ငံမှာ လက်နက်နဲ့ နိုင်ငံကို တည်ဆောက်သလိုဖြစ်နေလို့ ထိခိုက်မှုကြီးမားနေပြီး ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ တဖြည်းဖြည်း ယုတ်လျော့ကျဆင်းနေတယ်လို့  SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။  ဒီကနေ့ ၂၆ ရက်မနက်က ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ စတင်ကျင်းပတဲ့ တနိုင်ငံလုံးဆိုင်ရာပါတီညီလာခံအဖွင့်မိန့်ခွန်းမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ အခုလို ပြောကြားသွားတာပါ။  ပါတီညီလာခံကို ၃ နှစ် ၁ ကြိမ် ကျင်းပတာဖြစ်ပြီး ၃ နှစ်တာကာလအတွင်း ပါတီလှုပ်ရှားမှုနဲ့ အားနည်းချက်အားသာချက်တွေကို ပါတီဥက္ကဋ္ဌက သုံးသပ်ပြောကြားရာမှာ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေအတွက် ဘောင်ကျဉ်းနေပြီး လက်နက်ရှိမှ လူရာဝင်သလိုဖြစ်နေတယ်လို့ ပါတီဥက္ကဋ္ဌက ပြောပါတယ်။  “အခုခေတ် အခုအချိန်ကာလမှာ တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ ပညာကို အခြေခံပြီးတည်ဆောက်ကြရတဲ့ခေတ်ကို ရောက်နေပါပြီ။ ပညာကိုအခြေခံတဲ့ […]

Most Read

2024-09-20 07:24:30