Breaking News >> News >> Democratic Voice of Burma


SNLD ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပမည်


Link [2022-05-25 10:53:54]



အင်အားကြီးနိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးကို  မေ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ၂ ရက်တာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရ ၃ နှစ် ၁ ကြိမ်ညီလာခံပြုလုပ်ရတာဖြစ်ပြီး အလုပ်အမှုဆောင်‌ ကော်မတီတွေ ပြန်ပြီးရွေးကောက်တင်မြှောက်တာ၊ ပါတီမူဝါဒအပြောင်းအလဲရှိပါက ပြန်လည် သုံးသပ်အတည်ပြုခြင်းတွေရှိမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။   “အဓိကကတော့ ပါတီဖွဲ့စည်းပုံစည်းမျဉ်းပေါ့ ပါတီချာတာအရလုပ်တာဖြစ်ပါတယ်၊ အဲဒီမှာ ၃ နှစ် ၁ ကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံလုပ်ရမယ်ဆိုတာပါတယ်၊ ညီလာခံလုပ်ပြီဆိုရင် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွေကို ပြန်ပြီးရွေးကောက်တင်မြှောက်ရမယ်ဆိုတာက လုပ်ငန်းတစ်ခုပေါ့။ ပြီးရင်ပါတီကရေးဆွဲထားတဲ့ မူဝါဒတွေ အသစ်ရှိတယ်ဆိုရင်ပြန်ပြီးတော့ ဆွေးနွေးအတည်ပြုတာတွေရှိမယ်။ ပါတီရဲ့လုပ်ငန်းလမ်းညွှန်တွေ၊ လုပ်ထုံးလုပ်နည်းတွေရှိတယ်ဆိုရင်လည်း ဆွေးနွေးအတည်ပြုဖို့၊ ခါတိုင်းလိုပဲ ဗဟိုအလုပ်အမှုဆောင်တွေကနေ political report နိုင်ငံရေးအစီရင်ခံစာ တင်ပြဖို့ […]

Most Read

2024-09-20 09:44:55