Breaking News >> News >> Democratic Voice of Burma


ဖေ့စ်ဘွတ်ခ်ပို့စ်Share မှုဖြင့် ပေါင်းတလည်မြို့နေ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်


Link [2022-06-01 20:56:01]



ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့မှာနေတဲ့ မမိုးချမ်းမြေ့ခင်အမည်ရှိ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတယောက်ကို စစ်ကောင်စီက သူနေထိုင်ရာ အိမ်ကနေ မေလ ၂၈ ရက်က လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။   မမိုးချမ်းမြေ့ခင်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပို့စ်တခု Share မှုနဲ့  စစ်ကောင်စီက စွပ်စွဲပြီး  ပေါင်းတလည်ရဲစခန်းမှာ ဖမ်းဆီးထားကာ လတ်တလော ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားပါတယ်။ မိန်းကလေးရဲ့ မိဘတွေနဲ့နီးစပ်တဲ့ပေါင်းတလည်မြို့ခံတယောက်က “သူ့မိဘတွေက သာမန် ပြည်သူတွေဖြစ်ပြီး ဘယ်ပါတီဝင်မှ မဟုတ်ကြပါဘူး၊ ဆန္ဒပြပွဲတွေလည်း တခါမှ မပါဘူးပါဘူး။ သူ့ကိုဖမ်းသွားတာ အခုဆိုရင် ၃ ရက်ရှိပြီ။ လာဖမ်းတာက ရဲတွေ၊ အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတာ။ အသက်ကအခုမှ ၁၄ နှစ်လောက်ပဲရှိဦးမယ်။ တကယ်ကျောင်း ဆက်တိုက်တက်ရမယ်ဆိုရင်အခုက […]

Most Read

2024-09-19 19:06:20