Breaking News >> News >> Democratic Voice of Burma


မူးယစ်ဆေးဖြန့်ဖြူးနေသဖြင့် ကျပ်ပြင်ရဲစခန်းအား တိုက်ခိုက်ခဲ့ဟု Red Wolves of Mogok အဖွဲ့ ပြော


Link [2022-03-17 22:53:27]



မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းက ကျပ်ပြင်ရဲစခန်းကနေ မူးယစ်ဆေးတွေ ဖြန့်ဖြူးရောင်းချနေတာကြောင့် မတ် ၁၅ ရက်နေ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Red Wolves of Mogok အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။“အနောက်ပိုင်းစခန်းကနေ မူးယစ်ဆေးတွေ ဖြန့်ဖြူးရောင်းချနေတယ်လို့ သတင်းရထားတာကြောင့် သတိပေးတဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ဆေးရောင်းတဲ့သူတွေကို ခြေရာခံတော့ စခန်းထဲကို ဝင်ထွက်သွားလာနေတာကို တွေ့နေရတယ်။”မိုးကုတ်မြို့အတွင်းမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် မူးယစ်ဆေးသုံးစွဲသူတွေ ပိုမိုများလာပြီး ဓားပြတိုက်တာ၊ လုတာတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။အမည်မဖော်လိုသူ ဒေသခံတဦးက “အခုက မူးယစ်ဆေးတွေကို တရားဝင်လို ရောင်းချနေကြတာ၊ ဖမ်းမယ့်သူကလည်း မရှိဘူးလေ၊ ရောင်းတဲ့နေရာတွေကလည်း အများကြီးပဲ၊ ခုဆို မိုးကုတ်တမြို့လုံးနီးပါး ဆေးတွေပျံ့နေတာ” လို့ ပြောပါတယ်။မိုးကုတ်မြို့ရဲ့ ကျောက်မျက်လုပ်ကွက် တွင်းအဟောင်းတွေ၊ ဝင်ငွေရတဲ့နေရာတွေ၊ လုပ်ငန်းရှိတဲ့ နေရာတွေမှာ […]

Most Read

2024-09-22 00:27:15