Breaking News >> News >> Democratic Voice of Burma


RCSS နှင့် UWSA တိုက်ပွဲဖြစ်၊ တွေ့ဆုံဆွေးနွေး အဖြေရှာမည်ဟု RCSS ပြော


Link [2022-04-07 15:13:45]



ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA ရှမ်းတပ်နဲ့ UWSA ‘ဝ’ တပ်ဖွဲ့တွေအကြား ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် မုံးထားဒေသထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဧပြီ ၅ ရက် မနက် ၁၀ နာရီခွဲလောက်က UWSA စစ်ဒေသ ၁၇၁ လက်အောက်ခံ တပ်ဖွဲ့ဝင်တချို့က RCSS တပ်ဖွဲ့ဝင်တွေရှိရာ တောင်ကုန်းဘက်ကို လာတိုက်တဲ့အတွက် တိုက်ပွဲဖြစ်တာလို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။ “UWSA ရဲ့ ၁၇၁ စစ်ဒေသလက်အောက်ခံ တပ်ဖွဲ့တွေက မုံးထားတောင်ဘက်မှာရှိတဲ့ RCSS စခန်းကုန်းရှိတဲ့နေရာကို တက်ပြီးတော့ တိုက်ခိုက်တယ်။ တိုက်တာတော့ သိပ်မကြဘူးခင်ဗျ၊ ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲကြာတယ်။ နောက်ပိုင်းကျတော့ သူတို့ပြန်ဆုတ်သွားတယ်။ ထိခိုက်ကျဆုံးမှု အခြေအနေတော့ မသိရသေးပါဘူး။ အခုလက်ရှိတော့ […]

Most Read

2024-09-21 06:05:55