Breaking News >> News >> Democratic Voice of Burma


တိုကျိုတွင်ကျင်းပသည့် Quad ထိပ်သီးအစည်းအဝေးကို ဂျပန်လူထု ဆန္ဒပြ


Link [2022-05-25 10:53:54]



လေးပွင့်ဆိုင် လုံခြုံရေးဆွေးနွေးပွဲ (Quad) ရဲ့ နိုင်ငံလေးခုက ခေါင်းဆောင်တွေ ဂျပန်နိုင်ငံ မြို့တော်တိုကျိုမှာ လူချင်းတွေ့ဆုံ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲ မေ ၂၄ ရက်က ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ခရီးစဉ်နဲ့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ သြစတြေးလျတို့ ပါဝင်တဲ့ Quad အဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးကိုပါ ဆန့်ကျင်တဲ့အနေနဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ ဂျပန်နိုင်ငံတဝန်းက ရာနဲ့ချီတဲ့လူတွေဟာ တိုကျိုမြို့ရဲ့ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီအစည်းအဝေးဟာ အာရှ-ပစိဖိတ်ဒေသမှာ တရုတ်ကို သီးခြားခွဲထုတ်မယ့် ဝါရှင်တန်ရဲ့ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ရတာကြောင့် ဆန္ဒပြကြတာပါ။ Quad နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေဟာ လူချင်းတွေ့ဆုံ ထိပ်သီးဆွေးနွေးပွဲအပြီး မေ ၂၄ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကာ ခြိမ်းခြောက်ခြင်း […]

Most Read

2024-09-20 10:01:49