Breaking News >> News >> Democratic Voice of Burma


PTTEP ထိုင်းကုမ္ပဏီက မြန်မာစစ်အုပ်စုအတွက် သဘာဝဓာတ်ငွေ့ဝင်ငွေ ဆက်ရှာပေးနိုင်


Link [2022-01-27 11:13:40]



မြန်မာနိုင်ငံမှာမနှစ်က စစ်အာဏာသိမ်းမှုနဲ့ကြုံခဲ့ရပြီးနောက်မှာ Total Energies နဲ့ Chevron ကော်ပိုရေးရှင်းတို့ထွက်သွားတာကြောင့် ထိုင်းနိုင်ငံရဲ့အစိုးရပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (PTTEP) ဟာ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး သဘာဝဓာတ်ငွေ့တွင်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေပုံရတယ်လို့  လေ့လာသုံးသပ်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကာပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။ အစုရှယ်ယာ ၂၅ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ရတနာလုပ်ကွက်ရဲ့ အော်ပရေတာဖြစ်လာမယ့် PTTEP ရဲ့ ဆောင်ရွက်ချက်ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို အရေးပါတဲ့ ဓာတ်ငွေ့အထောက်အပံ့တွေ ဆက်လက်စီးဆင်းနေစေမှာဖြစ်ပြီး ပိုပြီးတင်းကျပ်နေတဲ့ အမေရိကန်နဲ့ တခြားပိတ်ဆို့အရေးယူမှုတွေအကြား မြန်မာစစ်အာဏာရှင်အုပ်စုအတွက် ၀င်ငွေကို အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြင်သစ်ကုမ္ပဏီ Total Energies နဲ့ အမေရိကန်ကုမ္ပဏီ Chevron တို့ဟာ မြန်မာနိုင်ငံ အနောက်တောင်ဘက် ကမ်းလွန်က ရတနာ ဓာတ်ငွေ့စီမံကိန်းနဲ့ […]

Most Read

2024-09-23 06:25:16