Breaking News >> News >> Democratic Voice of Burma


PSV ကို အကောင်းဆုံးကိုင်တွယ်နိုင်မည်ဟု ယုံကြည်ကြောင်း နည်းပြသစ် နစ္စတယ်ရွိုင်းပြော


Link [2022-03-31 13:33:12]



ဟော်လန်ကလပ် PSV  အသင်းကို အောင်မြင်မှုတွေရရှိအောင် ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း နည်းပြသစ် နစ္စတယ်ရွိုင်းက ပြောပါတယ်။  ဟော်လန်တိုက်စစ်မှူးဟောင်းဟာ လာမယ့်ရာသီကစတင်ပြီး PSV နည်းပြချုပ်အဖြစ် စတင်တာဝန်ယူသွားမှာဖြစ်ပြီး စိန်ခေါ်မူတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်လို့ ပြောပါတယ်။ “ဒီလိုဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတယ်။ ကျနော့်အသင်းမှာ ဦးဆောင်သူ နေရာကနေ တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီး အဲဒီအတွက် ဂုဏ်ယူမှုနဲ့ ယုံကြည်မှုတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်းမှာ အသင်းရဲ့ အထွေထွေမန်နေဂျာအနေနဲ့ မာဆယ်ဘရန့်ကို ခန့်အပ်လိုက်တာက အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ သူက ဒီအဆင့်ကို တက်လှမ်းဖို့အတွက် ကျနော့်ကို ယုံကြည်စွာနဲ့ တွန်းအားပေးခဲ့ပါတယ်” လို့ နစ္စတယ်ရွိုင်းက ပြောပါတယ်။ နစ္စတယ်ရွိုင်းဟာ ၂၀၁၂ ခုနှစ်က ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း နည်းပြတဦး ဖြစ်လာဖို့ လေ့လာသင်ယူမှုတွေ […]

Most Read

2024-09-21 12:59:25