Breaking News >> News >> Democratic Voice of Burma


နိုင်ငံတဝန်း ခရိုင်များတိုးချဲ့မှု PR ရွေးကောက်ပွဲစနစ်အတွက် ပြင်ဆင်နေခြင်းဖြစ်ဟု သုံးသပ်


Link [2022-01-22 18:51:06]



အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းဖို့ ဆောင်ရွက်နေတာဟာ အချိုးကျကိုယ်စားပြုစနစ် PR ရွေးကောက်ပွဲစနစ်ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်နေတာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောပါတယ်။  အာဏာရှင်စစ်ခေါင်းဆောင်တွေ စိတ်ကြိုက်ရေးဆွဲပြီး စစ်တပ်က နိုင်ငံရေးမှာ အမြဲတမ်းပါဝင်နိုင်မယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ တိုင်းပြည်အာဏာကို သိမ်းခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့အပါအဝင် အာဏာသိမ်းမှုကို ထောက်ခံခဲ့တဲ့ စစ်အုပ်စုအတွက် နောက်ဆုံးထွက်ပေါက်တစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ တစ်ခုကို အမြန်ပြန်ကျင်းပနိုင်ဖို့လုပ်ဆောင်နေပါတယ်။ အဲဒီကျင်းပမယ့်ရွေးကောက်ပွဲမှာ စစ်တပ်က  ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်မယ့် အချိုးကျကိုယ်စားပြုစနစ် PR ရွေးကောက်ပွဲ  စနစ်ကျင့်သုံးနိုင်ဖို့  ဥပဒေတစ်ရပ်ကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို  ရေးဆွဲခိုင်းပြီး နိုင်ငံရေးပါတီတွေကို စည်းရုံးနေပါတယ်။  အာဏာသိမ်းစစ်ကောင်စီဟာ တဘက်မှာလည်း တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ PR စနစ် ကျင့်သုံးတဲ့အခါမှာ စစ်တပ်ထောက်ခံတဲ့ပါတီ အသာစီးရနိုင်မယ့်နေရာတွေအတွက် […]

Most Read

2024-09-23 08:21:20