Breaking News >> News >> Democratic Voice of Burma


စစ်အာဏာရှင်ကိုတော်လှန်နေသည့် PDF ရဲဘော်များ၏ စွမ်းရည်ကို ULA/AA ချီးကျူး


Link [2022-03-06 02:38:35]



ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ လုပ်ရဲတဲ့သတ္တိတွေကို မချီးကျူးဘဲမနေနိုင်ဘူးလို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခက မတ်လ ၅ ရက် ဒီကနေ့ အွန်လိုင်းကနေ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်တွေရဲ့တစ်ခုမှမရှိတဲ့ အခြေနေကနေ အခုလို လုပ်ရဲတဲ့သတ္တိကိုတော့ ကျနော်တို့က မချီကျူးဘဲမနေနိုင်ဘူး” လို့ ခိုင်သုခက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ PDF တွေအနေနဲ့ အခုထက် စည်းကမ်းပိုင်းနဲ့ စုစည်းညီညွတ်မှုပိုင်းတွေကို ပိုမိုစနစ်တကျထိန်းကျောင်းမှုရှိလာမယ်ဆိုရင် ပိုပြီးကောင်းလာနိုင်တယ်လို့ ULA/AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခပြောပါတယ်။ ULA/AA အနေနဲ့ NUG နဲ့ တရားဝင်ဆက်သွယ်မှု မရှိသေးသလို  စစ်ကောင်စီနဲ့လည်း ဘာသဘောတူညီချက်မှ ယူထားခြင်းမရှိသေးဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ULA/AA အနေနဲ့ […]

Most Read

2024-09-22 07:41:17