Breaking News >> News >> Democratic Voice of Burma


ဂန့်ဂေါနှင့် ဖောင်းပြင်ရှိ PDF စခန်းများကို စစ်တပ်ကရဟတ်ယာဉ်ဖြင့် တိုက်ခိုက် PDF ၇ ဦးကျဆုံး


Link [2022-05-28 15:00:03]



မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မေ ၂၆ ရက်မနက်က  မြစ်သာရေလှောင်တမံ ဧည့်ရိပ်သာမှာ တပ်စွဲထားတဲ့ ဒေသခံ PDF နဲ့ YDF စခန်းတွေကို  စစ်ကောင်စီတပ်တွေက  ရဟတ်ယာဉ်တွေပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ PDF ရဲဘော် ၇ ယောက်ကျဆုံးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေ ၅ စီးနဲ့  အချိန် ၂ နာရီလောက်  လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  ဘုရားကုန်း(ဆည်ဦးစေတီ)မှာ စစ်‌ကောင်စီတပ်သားတွေ လာချထားတဲ့အတွက် PDFရဲဘော်တွေဘက်ကလည်း  ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့  ဂန့်ဂေါ PDF ကပြောပါတယ်။ တိုက်ပွဲဟာပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကရော မြေပြင်ကပါ အင်အားအများအပြားနဲ့ တိုက်ခိုက်ခဲ့တာကြောင့် PDF တပ်တွေ လက်နက်အင်အားမမျှလို့ ဆုတ်ခွာလာခဲ့ကြရပြီး တပ်ဖွဲ့ဝင် ၇ ယောက်ထက်မနည်း […]

Most Read

2024-09-20 01:11:20