Breaking News >> News >> Democratic Voice of Burma


PDF များအတွက် စက်ရုံထုတ်လက်နက်များရှာဖွေထားပြီဟု NUG ကာကွယ်ရေးဝန်ကြီးပြော


Link [2022-04-19 00:32:52]



ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေအတွက် စက်ရုံထုတ်လက်နက် အနည်းဆုံး လိုအပ်ချက်ကို ရှာဖွေရရှိထားပြီလို့  အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ဧပြီ ၁၈ ရက် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးကို တင်သွင်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတာ တနှစ်ပြည့် အစီရင်ခံစာမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ ဒီနေ့အထိ အမေရိကန်ဒေါ်လာ ၃၄ သန်းတိတိ ရရှိသုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန သုံးစွဲခွင့်ရတဲ့ ငွေရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်နိုင်ရေးအတွက် သုံးစွဲခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ ဝန်ကြီး ဦးရည်မွန်က “လက်နက်ပစ္စည်းအစစ်အနေနဲ့ ခုချိန်မှာ  PDF များအတွက် အနည်းဆုံး လိုအပ်ချက်တခုကိုတော့ ကျနော်တို့ ရှာဖွေရရှိထားပြီဆိုတာကိုလည်း အသိပေးတင်ပြလိုပါတယ်။ ကိုယ်တိုင်ထုတ်လက်နက်များနဲ့ ပတ်သက်ပြီးတော့လည်း နည်းပညာအရကော ထုတ်လုပ်နိုင်စွမ်းအရပါ […]

Most Read

2024-09-20 21:52:27