Breaking News >> News >> Democratic Voice of Burma


ခင်ဦး PDF စခန်းတခုကို စစ်ကောင်စီတပ်ဝင်စီး၊ မုံရွာ-ရေဦးလမ်းရှိ BOC ဆီဆိုင် ဖျက်ဆီးခံရ


Link [2022-04-24 18:33:41]



စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိတဲ့  PDF စခန်းတခုကို စစ်ကောင်စီတပ်တွေ ဧပြီ ၂၃ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။ “စစ်ကောင်စီတပ်တွေ မနေ့က မနက် ၁၀ နာရီမှာ စစ်ကြောင်းထိုးလာတယ်။ ဦးမြို့နယ်၊ ရွာသာကျေးရွာ စခန်းတခု စီးနင်းခံရတယ်။ လက်နက်အချို့ပါသွားတယ်၊ ၁ ဦး ကျဆုံးသွားတယ်” လို့ ခင်ဦး PDFတပ်အဖွဲ့ဝင်တဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃၀ ကျော်ကို အင်တာနက်တွေဖြတ်တောက်ကာ စစ်ကောင်စီတပ်တွေက နေ့စဉ်လိုလို စစ်ကြောင်းထိုးနေပြီး ကျေးရွာ နေအိမ်တွေကို  မီးရှိ့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း  မုံရွာ-ရေဦးကားလမ်းပေါ်ရှိ BOC စက်သုံးဆီအရောင်းဆိုင်ကိုလည်း အမည်မသိ သူတွေက ဧပြီ ၂၃ ရက်နေ့ ညနေပိုင်း ဝင်ရောက်ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။ […]

Most Read

2024-09-20 14:46:24