Breaking News >> News >> Democratic Voice of Burma


နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးဖောက်ခွဲမှု PDF လက်ချက် မဖြစ်နိုင်ဟု မြို့ခံများပြော


Link [2022-06-01 14:36:21]



ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးအတွင်း မေ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF)တပ်ဖွဲ့ကို  အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပေမဲ့  မြို့ခံတွေကတော့ မဖြစ်နိုင်တဲ့အကြောင်း ပြောပါတယ်။ နောင်ချိုမြို့နယ်ဟာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်မှာ တည်ရှိပြီး မြို့ပေါ်ရပ်ကွက်အများစုမှာ စစ်မှုထမ်းဟောင်း၊ ဝန်ထမ်းအငြိမ်းစားနဲ့ စစ်တပ်ထောက်ခံသူတွေ အများဆုံး နေထိုင်နေတာကြောင့် PDF တွေအနေနဲ့ မြို့ပေါ်မှာရှိတဲ့ ပညာရေးမှူးရုံးကို ဗုံးခွဲဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။ မြို့ခံတဦးက “PDF တွေအနေနဲ့ ပညာရေးမှူးရုံးထဲ ဗုံးဝင်ထောင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ နောင်ချိုမှာ PDF လည်း အားနည်းတယ်” လို့ ပြောပါတယ်။ နောက်ထပ်မြို့ခံတဦးကလည်း “နောင်ချိုကို မြောက်ပိုင်းမဟာမိတ်တပ်တွေ လာတိုက်တာ ရှိခဲ့ဖူးတယ်။ အဲဒီတုန်းကတောင် […]

Most Read

2024-09-20 00:21:42