Breaking News >> News >> Democratic Voice of Burma


မန္တလေးတိုင်းတွင် PDF များကို ထောက်ပံ့ပါက ဆွေစဉ်မျိုးဆက် အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်


Link [2022-05-31 19:17:44]



မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ PDF တွေကို မထောက်ပံ့ကြဖို့နဲ့ ထောက်ပံ့ပါက ဆွေစဉ်မျိုးဆက်အရေးယူမယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေကို စစ်ကောင်စီ ထွေအုပ်ရုံးမှာ  အစည်းအဝေးခေါ်ယူ ခြိမ်းခြောက်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စုနဲ့ တောင်သာမြို့နယ်တွေမှာ ထွေအုပ်တွေက  အစည်းအဝေးတွေ ခေါ်ယူပြီး သတိပေး ပြောဆိုနေတာလို့ သိရပါတယ်။ တောင်သာမြို့ခံတစ်ဦးက”အစည်းအဝေးတက်ရတဲ့ကိစ္စမှာကျတော့ ကြိုတင်ဖိတ်ကြားတာ မဟုတ်ဖူး၊ သူတို့ ရုတ်တရက်ဆွဲပြီးတော့ ဒီစီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ ကြိုတင်ခေါ်တာလို့ကြားတယ်ဗျ။ ကျန်တဲ့တက်ရောက်တဲ့လူတွေကကျ အဲ့ဒီမြို့၊ ဈေးကြီးလာတဲ့သူ လမ်းသွားလမ်းလာပေါ့၊ အဲ့ဒီ ထွေအုပ်နဲ့ နီးစပ်ရာတွေပေါ့ ၊အဲ့ဒါကို သူတို့ မတက်မနေရ တွေ့တဲ့အိမ်ပေါ့၊ တိုက်ရိုက်ဆွဲခေါ်ပြီးတော့ အစည်းအဝေးက ရုတ်တရက်လုပ်လိုက်တဲ့သဘောပေါ့၊ သူတို့စိတ်ထဲမှာ ဖိအားပေးတယ်။”လို့ ပြောပါတယ်။ မြို့နယ်အတွင်းမှာရော မြို့နယ်ပြင်ပက PDF တွေကိုပါ မထောက်ပံ့ကြဖို့နဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပါက […]

Most Read

2024-09-20 00:15:57