Breaking News >> News >> Democratic Voice of Burma


ကျောက်ထု PDF ဒုတပ်ရင်းမှူး ဗိုလ်ရွှေဖုန်း ကျဆုံး


Link [2022-05-28 20:06:08]



ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ကျောက်ထု PDF တပ်ရင်း-၁ ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်ရွှေဖုန်းကို စစ်ကောင်စီတပ်တွေက ဝိုင်းဝန်းပစ်ခတ်ခဲ့လို့ ကျဆုံးသွားတယ်လို့ ကျောက်ထုPDF(YRPA)က နေသိရပါတယ်။ ဗိုလ်ရွှေဖုန်းဟာ မေလ ၂၅ ရက်က တာဝန်တခုနဲ့  ခရီးသွားနေတဲ့ အချိန် ပစ်သတ်ခံရတာဖြစ်တယ်လို့   ကျောက်ထုPDF(YRPA)ရဲ့ တပ်ရင်း-၂ တပ်ခွဲ-၃ က တပ်ခွဲမှူး ဗိုလ်ရွှေမိုးက ပြောပါတယ်။ “ဒုတပ်ရင်းမှူး ဗိုလ်ရွှေဖုန်းဟာ ချင်းပြည်နယ် မင်းတပ်နားက ပြည်ရွာကို အလုပ်ကိစ္စနဲ့ ခရီးသွားတာဗျ။ ဒလန်တွေက သတင်းအတိကျပေးလို့ သူရောက်နေတဲ့ အစ်မဖြစ်သူရဲ့နေအိမ်ကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်လို့ ကျဆုံးခဲ့ရတာပါ။ ဗိုလ်ရွှေဖုန်းရဲ့ အစ်မဖြစ်သူကိုတော့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားကြတယ်။” ကျောက်ထုPDF ဒုတပ်ရင်းမှူးရဲ့ အလောင်းကို မေလ ၂၆ ရက်နေ့မှာ အခမ်းအနားနဲ့ မီးသင်္ဂြိုဟ်ခဲ့ကြပြီး […]

Most Read

2024-09-20 01:11:53