Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်နှင့် ဂန့်ဂေါ PDF တိုက်ပွဲဖြစ်ပွား


Link [2022-05-22 19:03:47]



မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်မှာ မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ် မြောက်ပိုင်း စမ်းမြို့ရွာနားကို စစ်ကောင်စီတပ်၊ ပျူစောထီး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။ “စစ်(….)တွေနဲ့ ပျူ(….)တွေက သူတို့ဘက်က အထိနာတော့ ၆၀ မမ ၁၂၀မမ လက်နက်ကြီးတွေနဲ့ အချက် ၅၀ လောက် အဆက်မပြတ် ပြန်ပစ်တယ်ဗျ။ ဒါပေမယ့်လည်း ကျွန်တော်တို့ဘက်က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ လို့ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာ နိုင်ခဲ့ကြတယ်။”  စစ်ကောင်စီတပ်တွေဟာ သူတို့စစ်ကြောင်းထိုးတဲ့ ရွာတွေနဲ့ စစ်ရှောင်တဲ့တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ကျွဲနွားတွေကို သတ်ဖြတ်စားသောက်တာတွေ၊ ဆန်စပါးတွေကို ယူဆောင်တာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ […]

Most Read

2024-09-20 12:58:41