Breaking News >> News >> Democratic Voice of Burma


ကလေးမြို့တွင် PDF ကို‌ ထောက်ပံ့သည်ဟု စွပ်စွဲပြီး ဒေသခံတဦးကို ဖမ်းဆီး


Link [2022-05-22 19:03:47]



စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်မှာ နေထိုင်တဲ့ ကိုမြင့်သူဝင်းအား စစ်ကောင်စီ တပ်က မေ ၂၁ ရက် မ‌နက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ Min Min Facebook Account ပိုင်ရှင် ကိုမြင့်သူဝင်းကို လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်မှာ Group တွေ တည်ထောင်ပြီး အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ အကြောင်းအရာတွေ ရေးသားတာ၊‌ PDF တွေအတွက် အလှူငွေ ကောက်ခံတာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ အကြောင်းအရာတွေ  မဟုတ်မမှန် ရေးသားခြင်းများ ရှိကြောင်း  သတင်းပေးချက်အရ စစ်ဆေးတွေ့ရှိရတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒ ဖြန့်သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။ ရပ်ကွက်နေသူတဦးက “စစ်သားတွေ မနက်အစောပိုင်းမှာ ရုတ်တရက်လာဖမ်းသွားတာ ဒကစ(ဒေသကွက်ကဲရေးစစ်ဌာနချုပ်)ဝန်းထဲ ဖမ်းသွားတယ်လို့တော့ ကြားတယ် […]

Most Read

2024-09-20 12:33:50