Breaking News >> News >> Democratic Voice of Burma


အင်းတကော်စစ်တပ်ဂိတ်နှင့် ဦးပိုင်စက်မှုဇုန်ဂိတ်တို့ကို ပဲခူးခရိုင် PDF မိုင်းဆွဲတိုက်ခိုက်


Link [2022-04-26 16:34:03]



ပဲခူးတိုင်းထဲက အင်းတကော်အခြေစိုက် တပ်မ-၇၇ လက်အောက်ခံ တပ်တွေရဲ့ ဂိတ်တခုနဲ့ ဦးပိုင်စက်မှုဇုန်ဂိတ်တို့ ဧပြီ ၂၅ ရက်က ည ၈ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။ ပဲခူးခရိုင်တပ်ရင်းအမှတ်(၁) ၊ တပ်ခွဲ(၂) IPDF က အင်းတကော်အခြေစိုက် ခမရ (၁၀၅)၊ ခမရ (၁၀၇) တို့​ရဲ့ဂိတ်တဲနဲ့  အင်းတကော် ဦးပိုင်စက်မှုဇုန် အဝင်လုံခြုံရေးဂိတ်တို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဒါ့အပြင် ပဲခူးတိုင်း PDF တပ်ရင်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အရှိန်အဟုန်မြင့်တိုက်ခိုက်သွားမှာဖြစ်ကြောင်းလည်း အသိပေး ထားပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှု တွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတယ်လို့ […]

Most Read

2024-09-20 12:59:46