Breaking News >> News >> Democratic Voice of Burma


ကလေးတိုက်ပွဲ၌ စစ်တပ်က ၁၀ ဦးနှင့် PDF ၁ ဦး ကျဆုံး၊ ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရ


Link [2022-04-23 11:34:14]



စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရေရှင်ရွာဘက် ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဧပြီ ၂၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ CDF-KKG၊ ကလေးPDF၊ RKDF နဲ့ ပကဖပူးပေါင်းတပ်ဖွဲ့တွေ တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF-KKG က ထုတ်ပြန်ထားပါတယ်။ ကလေး PDF တပ်ဖွဲ့ဝင်တဦးက “သူတို့တွေက ရေရှင်ရွာဘက်စစ်ကြောင်းထိုးလာတာ။ ကျနော်တို့တပ်ဖွဲ့က ရေရှင်မှာ အထိုင်ချထားတာ။ လမ်းမှာ တိုက်မိုင်းတွေ မိပြီး သေကြတယ်။ တနေကုန်တိုက်ကြတာ” လို့  ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားပြီး ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်းကျွန်းကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ […]

Most Read

2024-09-20 17:42:47