Breaking News >> News >> Democratic Voice of Burma


ရွာငံမြို့ တွင် PDF စခန်းတခုကို စစ်ကောင်စီတပ် အင်အားသုံး သိမ်းပိုက်


Link [2022-04-21 10:54:36]



ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက်ရှိ တောင်ကြားကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် PDF စခန်းတခု သိမ်းပိုက်ခံလိုက်ရပါတယ်။ ရွာငံမြို့အတွင်း မိုးတွေမှောင်မည်းပြီး ရာသီဥတု ဆိုးဝါးနေတဲ့ကြားက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကုန်းကြောင်းတင်မကဘဲ လေကြောင်းကိုပါ အသုံးပြုပြီး တိုက်လေယာဉ် ၃ စီးနဲ့ အဆိုပါတောင်ကြားထဲ ဆင်းသွားတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။ စီးနင်းခံလိုက်ရတဲ့ PDF တပ်ဖွဲ့ဟာ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) နဲ့ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဖြစ်ပြီး သူတို့နဲ့ အဆက်အသွယ် ပြတ်တောက်နေလို့ ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘူးလို့ ရှမ်းပြည်နယ်တောင်ပိုင်းရှိ PDF ရဲဘော်တဦးက ဒီဘီဗွီကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF စခန်းကို စီးနင်းပြီးနောက် နွားဘန်ကြီးကျေးရွာ အတွင်းရှိ […]

Most Read

2024-09-20 19:44:48