Breaking News >> News >> Democratic Voice of Burma


မုံရွာ- မန္တလေးလမ်းမပေါ် PDF အကာကွယ်ဖြင့် ချီတက်ခဲ့ကြသည့် မုံရွာလူထုသပိတ်စစ်ကြောင်း(ဓာတ်ပုံ)


Link [2022-04-17 13:33:15]



ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အကာအကွယ်နဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး မုံရွာ- မန္တလေးလမ်းမကြီးပေါ်မှာ  အင်အားအလုံးအရင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ မြေပေါ်မြေအောက် ဟန်ချက်ညီညီ ထွက်ရှိလာတာဟာ တော်လှန်ရေးရဲ့ အရွေ့တခု၊ အားတခုပဲဖြစ်တယ်။ အခုနောက်ပိုင်းမှလည်း စကစတွေရဲ့နေရာ တော်တော်များများကို PDF တွေကနေပြီး ပစ်ခတ်ခြိမ်းခြောက်လာနိုင်နေပြီ၊ ဆက်လက်ပြီး နေမြေစိုးမိုးမှုတွေ တိုးတက်လာဖို့ပဲရှိတယ်” လို့ သပိတ်ဦးဆောင်သူ ကိုသန်းကျော်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို ခါးစည်းခံပြီး ငါတို့ပိုင်တဲ့ ပြည်သူ့နယ်မြေတွေကို ပြန်သိမ်းယူကြမယ်၊ မုံရွာလူထုကြီးအနေနဲ့လည်း ဆက်လက်ပြီး ပူးပေါင်းပါဝင်ပေးကြပါ၊ အရေးတော်ပုံကြီးက အောင်တော့မှာပါ တောင့်ခံပေးထားကြပါလို့လည်း တိုက်တွန်းထားပါတယ်။

Most Read

2024-09-20 21:44:34