Breaking News >> News >> Democratic Voice of Burma


ရွှေဘိုမြို့နယ် မြင်းစီးရွာတွင် ပျူစောထီးအဖွဲ့နှင့် PDF တိုက်ပွဲဖြစ်


Link [2022-04-15 03:13:37]



စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာမှာ ပျူစောထီးအဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဧပြီ ၁၄ ရက် ဒီမနက် ၆ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြင်းစီးကျေးရွာက ဌေးအောင်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကျေးရွာအတွင်းအထိ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မြင်းစီးကျေးရွာသားတဦးက “မနက်လင်းလင်းချင်း ပစ်ကြတာ။ အခုအပစ်ခံရတဲ့ကောင်က သူ့ကိုယ်သူ ဆရာကြီးလိုလို ဘာလိုလိုနဲ့။ ပထွေးအဖေခေါ်နေတဲ့ကောင်။ ရွာသားတွေကတော့ အဲကောင် ဌေးအောင်ကို သေစေချင်နေတာ။ သူရွာမှာရှိနေတော့ ရွာလည်း အေးအေးချမ်းချမ်း မနေရဲကြဘူး။ စစ် (-) တွေက မြှောက်ပေးထားတာဆိုတော့ လက်နက်လေးတကားကားနဲ့” လို့ ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ၁၅ မိနစ်လောက် ကြာခဲ့ပြီး ပျူစောထီးတွေဘက်က ၃ ယောက်လောက် သေသွားတယ်လို့ […]

Most Read

2024-09-20 23:23:48