Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီသင်္ကြန် မဆင်နွှဲကြရန် တောတွင်းရောက် PDF ရဲဘော်များ တော်လှန်သင်္ကြန်ကမ်ပိန်း ပြုလုပ်


Link [2022-04-10 20:53:33]



မကြာမီ ကျရောက်တော့မဲ့ စစ်ကောင်စီပြုလုပ်တဲ့ ၂၀၂၂ သင်္ကြန်ပွဲမှာ ပြည်သူတွေ ဝင်ရောက်မပူးပေါင်းကြဖို့ တောတွင်းရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်တွေက တော်လှန်သင်္ကြန်ကမ်ပိန်းတခု ပြုလုပ်ခဲ့ကြပါတယ်။ လတ်တလော စစ်အာဏာရှင်ကို တော်လှန်ရင်း ထောင်ထဲရောက်နေတဲ့ ရဲဘော်တွေ၊ သူတို့မိသားစုတွေ၊ တောတွင်းမှာ အသက်ပေးပြီး စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ PDF တွေ၊ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တောင်းဆိုဆန္ဒပြရင်း အသက်ပေးလိုက်ရသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ ရပ်တည်ပြီး စစ်ကောင်စီသင်္ကြန်ကို ပြည်သူတွေ မပူးပေါင်းကြဖို့ အခုလို တောတွင်းသင်္ကြန် ကမ်ပိန်းပြုလုပ်တာလို့ PDF ရဲဘော်တယောက်က ပြောပါတယ်။ “အခုသင်္ကြန်က ကျနော်တို့အတွက် ပျော်စရာသင်္ကြန်မဟုတ်ပါဘူး။ တောထဲနဲ့ မြို့တွေထဲမှာ ပေးစပ်သူတွေရဲ့ သွေးတွေက မခန်းခြောက်သေးတဲ့အတွက် အခုလာမဲ့ သင်္ကြန်ကို ဆူညံသံအစား တော်လှန်သင်္ကြန်နဲ့ အစားထိုးပေးဖို့”  တိုက်တွန်းထားပါတယ်။ […]

Most Read

2024-09-21 03:17:53