Breaking News >> News >> Democratic Voice of Burma


ပေါင်းတည်တွင် ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်


Link [2022-04-06 15:53:35]



ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကျေးရွာတရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ထံ ရိက္ခာလာပို့တဲ့ အဖွဲ့ကို ဧပြီ ၅ ရက်မှာ ဒေသခံ PDF တပ်ဖွဲ့က လမ်းကနေစောင့်ပြီး တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် သေသွားတယ်လို့ ဒေသခံ PDF အဖွဲ့ထံက သိရပါတယ်။ ပေါင်းတည် PDF တပ်ဖွဲ့က တာဝန်ရှိသူတဦးက “သတင်းက ကြိုရထားတာ၊ သူတို့လာဖို့ရှိတယ် ဆိုတာကို နေ့လယ် ၂ နာရီလောက်မှာ ငါးရှဉ့်ကွင်းကျေးရွာအနားက တောထဲကနေစောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ အဲဒီမှာပဲ စစ်ကောင်စီဘက်က တပ်သား ၂ ဦး သေဆုံးခဲ့ပြီး သူတို့ဘက်ကလည်း ပြန်တော့တိုက်ပါသေးတယ်၊ ကျနော်တို့က နေရာကအစ အသေအချာ အသာစီးရနိုင်မယ့် အခြေအနေကနေ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားတွေဘက်က ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ […]

Most Read

2024-09-21 08:25:04