Breaking News >> News >> Democratic Voice of Burma


စစ်တပ်ရိက္ခာတင် စက်လှေ ၄ စီးကို မြို့လှ PDF တိုက်ခိုက်၊ ၁ စီး နစ်မြုပ်


Link [2022-04-03 12:13:48]



ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ မြို့လှရွာဘက် စုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ လက်နက်ရိက္ခာတင် စက်လှေ ၄ စီးကို ဧပြီ ၃ ရက် မနက် ၆ နာရီခွဲလောက်မှာ မြို့လှ PDF အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။  စစ်ကောင်စီရိက္ခာတင်လှေတွေကို မြို့လှ PDF တပ်က ဘိုကုန်းရွာအနီး မြစ်ကမ်းတနေရာကနေ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁ စီး ရေဝင်နစ်မြုပ်ခဲ့ကာ ထိခိုက်ကျဆုံးတာလည်း ရှိနိုင်တယ်လို့ မြို့ လှ PDFသတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကမ်းစောင့်တပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် မြို့လှ PDF တပ်က အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး နစ်မြုပ်သွားတဲ့ စက်လှေပေါ်ကနေ စစ်ကောင်စီတပ်က ရိက္ခာတွေကို ဆယ်ယူနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။  […]

Most Read

2024-09-21 10:25:34