Breaking News >> News >> Democratic Voice of Burma


တမူးမြို့နယ်အတွင်း သွားလာသည့်ယာဉ်များကို တမူး PDF သတိပေးချက်ထုတ်


Link [2022-03-31 13:33:12]



စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်းရှိ တမူး-ခမ်းပတ် ကားလမ်းနဲ့ တမူး-အောင်ဇေယျ ကားလမ်းကို အသုံးပြုပြီး ကုန်ပစ္စည်းတွေ သယ်ဆောင်သွားလာနေတဲ့ ယာဉ်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေ လိုက်နာကြရမယ်လို့ တမူးမြို့အခြေစိုက် တမူး PDF တပ်ရင်း ၁ နဲ့ တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ သူတို့တပ်ရင်းအတွက် ရိက္ခာတွေကို  စစ်ကားနဲ့ မသယ်တော့ဘဲ ကုန်တင်ယာဉ်တွေနဲ့ သယ်ယူနေတာကြောင့် အခုလို စည်းကမ်းချက်ထုတ်ရတာလို့ တမူး PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ သတ်မှတ်လမ်းအပိုင်းမှာ ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းမောင်းနှင်ခြင်း မပြုဖို့၊ ဖြတ်သန်းခွင့်ပြုချိန် မောင်းနှင်ရာမှာလည်း ယာဉ်နောက်ပိုင်း ကိုယ်ထည်ကို မိုးကာ ဒါမှမဟုတ် တခြားတခုခုနဲ့ ဖုံးအုပ်ထားတာမျိုး လုံးဝ […]

Most Read

2024-09-21 12:48:24